ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများကိုမိဘပြည်သူများအား အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူ မြို့တွင်လူစည်ကားရာ နေရာများ ဖြစ်သည့် သင်္ဘောဆိပ်နှင့် ရပ်ကွက်များ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကိုမိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေး ကြေညာ ပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ပြင်စလူမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်း များ၊ပြင်စလူမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် ယနေ့ နံနက် (၉) နာရီ အချိန်က လိုက်လံအသိပေးနှိုးဆော် ကြေညာ ခဲ့ကြောင်း သိရသည်။