သတင်းများ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ 40l အောက်ဆီဂျင်အိုး (၅၀)လုံး လှူဒါန်း
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ 40l အိုး (အောက်ဆီဂျင်) ဖြည့်ပြီးအိုးအလုံး(၅၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့တွင် ဒေသဖွံ့ဖြိးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဇလွန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လတ်တလောစားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်အတွင်း ရှိ အိမ်ထောင်စုများအားဆန် များထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
မြန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်စတင်ထုတ်လုပ်နိုင်တော့မည်
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့တွင် အလှူရှင်များ၏စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်စက် သည် မနေ့က ရောက်ရှိပြီး စက်တပ်ဆင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကာပျောက်ကင်းလာသူတို့၏ ရင်တွင်းစကားသံများ
Sep 08,2021
            ယနေ့ မြန်မာနိုင်ငံအပါအဝင်   ကမ္ဘာ့နိုင်ငံအများစုမှာ  လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉  ရောဂါနှင့်ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား  ကူးစက် ပျံ့နှံ့မှု   မဖြစ်ပေါ်စေရေး  ကာကွယ်ဆေးထိုးနှံပေးမှုများနှင့်အတူ ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ   သွားလာနေထိုင်နိုင်ရေး  ပညာပေးမှုများ ၊  ထုတ်ပြန်ကြေညာမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၁၆)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂နှစ်အောက်က လေးမိသားစုများသို့အာဟာရ(၁၀)မျိုးလှူဒါန်း
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေး မိခင်များကို ခနောမိသာစုမှ အာဟာရ(၁၀)မျိုး လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်အုပ်ရေးမှူး၊ အဖွဲဝင်များနှင့်ပူးပေါင်း၍ ရပ်ကွက်အတွင်း ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူ (၁၀၆၃) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ပြုလုပ် ပေးပြီးဖြစ်
Sep 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူး၊ ဦးဆောင် သောဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံပြည်သူ( ၁၀၆၃ )ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးထံမှ သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိအသက် ၆၅နှစ်အထက် ဘိုး ဘွားများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယနေ့ နံနက်(၉)နာရီမှစတင်၍ အသက်၆၅နှစ်အထက် ဘိုးဘွားများအား(ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရှိရသည်။