ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ
Sep 08,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိရန် အသိပညာပေး လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက အမှတ်-၂၀အခြေခံပညာအထက်တန်း ကျောင်းဝန်း ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးရန်လာရောက်သည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။