ကရင်ပြည်နယ် ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၈၀)ရှိပြီး၊ ကျန်းမာရေးကောင်းမွန် လာသူ(၃၉)ဦး ဆေးရုံ ဆင်းခွင့်ရရှိ

ကျိုက်ဒုံ စက်တင်ဘာ ၁၃

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုချက်အရ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၈၀)ဦးရှိပြီး ကျိုက်ဒုံမြို့သံဃာ့အဆောင်နှင့် (အ.ထ.က) (COVID CENTER) တို့တွင် တိုက်နယ်ဆေးရုံမှ ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပိုးတွေ့လူနာများအနက် ရောဂါသက်သာပျောက်ကင်းပြီး ကျန်းမာရေးပြန်ကောင်းမွန်လာသူ (၃၉)ဦးသည် ဆေးရုံဆင်း ခွင့်ရပြီး ၄င်းတို့အား နေအိမ်ကန့်သတ်ထားရှိခြင်း၊ ဆေးကုသမှုခံယူ နေသည့် လူနာ(၄၀)ဦး ၊သေဆုံး(၁)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စေတနာလူငယ်အဖွဲ့များက လိုအပ်သည်များကူညီပေးခြင်း ၊ပိုးသတ် ဆေးဖျန်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)