ပုဗ္ဗသီရိ စက်တင်ဘာ ၁၃
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့မှ မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းထားသည့် အခွင့်အရေးဥပဒေများ အကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများအကြောင်း၊ ပညာ တတ်မြောက်မှုနှုန်း အလုပ်အကိုင်ရရှိမှုနှင့် မသန်စွမ်းမှုကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်း တွေရှိခဲ့လျှင် ဥပဒေက ဘယ်လိုအကာအကွယ်ပေးထားကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)