သတင်းများ

မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ပြည်သူများက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအား ယနေ့နံနက်(၁၀)နာရီအချိန်ကရပ်ကွက်များအတွင်းအသိပညာပေး နှိုးဆော်ခြင်းကိုဆောင်ရွက်ကြောင်းသိရသည်။
ကရသူရိမြို့၌ ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း(၁၈၃)ဦးတွင်ဆေးရုံ ဆင်းခွင့်ရသူ ပေါင်း(၁၄၇)ဦးရှိ
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ ယနေ့ထိ ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၈၃)ဦးတွင် ရောဂါလက္ခဏာများကုသပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူစုစုပေါင်း(၁၄၇) ဦးထိရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ မြို့နယ်လုံးကျွတ်ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့်သီလရှင် များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်လုံး ကျွတ်ဝါဆိုဝါကပ် တော်မူကြသော သံဃာတော်များနှင့် သီလရှင်များ အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဝါးခယ်မမြို့ကွမ်းခြံကုန်းကျောင်းတိုက်၊ အာရောဂျံဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 15,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန် ရေတာရှည်မြို့ ဆွာမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတို့၌ စုရပ်နေရာများတွင် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ကမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ပုဇွန်‌မြောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမိုး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကမမောင်းမြို့
ရေဖြူမြို့နယ်၌  အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေး အဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက်နေ့တွင် သက်ဆိုင်စုရပ်နေရာများ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ပိုးကရင်ဘာသာ မြန်မာ ဘာသာဖြင့်အသိပညာပေးနှိုးဆော်
Sep 15,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်း များထောက်ပံ့
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်က သပြေခန်းမတွင် ဆောင်ရွက်ခဲ့သည်။