ရေဖြူ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေး အဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက်နေ့တွင် သက်ဆိုင်စုရပ်နေရာများ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ဦးစားပေးအဆင့်မှာ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းသံဃာ၊ သီလရှင်များ၊ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါ မရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဦးစားပေး အဆင့်လိုက်သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ရေဖြုမြို့နယ်ရှိ ဆေးထိုးစုရပ်များမှာ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ရေဖြူဒေသ၊ နဘု လယ်ဒေသရှိကျေး ရွာအုပ်စုပြည်သူများကို အ-ထ-ကရေဖြူ ဆေးထိုးစုရပ်တွင် လည်းကောင်း၊ ကံပေါက်ဒေသတစ်ခုလုံးရှိ ကျေးရွာပြည်သူများအားလုံးကို အ-ထ-က ကံပေါက်စုရပ်တွင် လည်းကောင်း၊ ကလိန်အောင်မြို့ရှိ ကျေးရွာပြည်သူများကို အ-ထ-က ကလိန်အောင်တွင် လည်းကောင်း လာရောက် ထိုးနှံကြရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံက သိရသည်။
ရေဖြူ(ပြန်/ဆက်)