သတင်းများ

နမ့်စန်တွင် ရတနာပုံ ၅ပါးကျောင်း နှင့် ဒီပင်္ကရာကျောင်းတိုက်ရှိသံဃာတော်များအား ကိုဗစ်၁၉ရောဂါ ပိုးရှိမရှိ အခမဲ့ကွင်းဆင်းစစ်ဆေးပေး
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီတွင် အမှတ်(၅)ရပ်ကွက်ရှိ ရတနာပုံ ၅ပါး ကျောင်းနှင့်ဒီပင်္ကရာကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ရောဂါစစ်ဆေးရေးစင်တာတွင် စက်တင်ဘာ ၁၅ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၂၂ ဦးစစ်ဆေးတွေ့ရှိ
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နေ့လည်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်နှင့်ဆီများ ဆပ်ကပ်လှူဒါန်း
Sep 15,2021
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော် သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စအဝဝတွက် အခက် အခဲမရှိစေရန် အတွက် ဆွမ်းဆန်တော်နှင့် ဆီတို့ကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပလောက်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာတွင် အတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိ
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့၌ စက်တင်ဘာလ (၁၅)ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးရာ (၃)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှစတင်ကာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show ) ကျင်းပ
Sep 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ပန်းခင်း စီမံချက်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ( Community Centre )ခန်းမတွင်ပြုလုပ်ခဲ့သည်။
ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉သံသယရှိသူများအားဆက်လက်စစ်ဆေး
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံတွင်ယနေ့နံနက်(၁၀)နာရီက ကိုဗစ်(၁၉)သံသယရှိသူ (၁၂)ဦးကို RDT Test ဖြင့် စစ်ဆေးပေးခဲ့ရာ (၃)ဦးတွင် ရောဂါပိုးများ တွေ့ရှိခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့၌ တိုက်ပွဲရှောင် (IDPs) စခန်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ ကွင်းဆင်းဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါ ကာကွယ်ရေးလုပ်ငန်း နေ့စဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  မူဆယ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နှင့် သာယာကုန်း ရပ်ကွက်ရှိ တိုက်ပွဲရှောင် (IDPs) စခန်းများသို့ ကိုးဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။