ရေတာရှည် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန် ရေတာရှည်မြို့ ဆွာမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းတို့၌ စုရပ်နေရာများတွင် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၅၅ နှစ်နှင့် အသက် ၆၄ နှစ် အတွင်းရှိသူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိသူများ၊ EAO များ ဦးစားပေးအဖြစ် အဓိကထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁၀၄၇၀ ဦးရှိပြီး ယခုအချိန်တွင်ရေတာရှည် မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ၁၅၃၁ လုံး ရောက်ရှိပြီး ဆေးတစ်လုံး လျှင် လူဦးရေ(၅)ဦးနှုန်းဖြင့် လူဦးရေ (၇၆၅၅) ဦးအား လျာထား၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အေးဆု