ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်း များထောက်ပံ့



ဘုတ်ပြင်း  စက်တင်ဘာ  ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်က သပြေခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် အခြေခံစာသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ကြက်ဥ၊ကြက်သွန် အနီနှင့် ကြက်သွန် အဖြူတို့ပါရှိပြီး ဘုတ်ပြင်းမြို့နယ် Stay at Home သတ်မှတ်ကာလအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဘုတ်ပြင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
အ‌ခြေခံစားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ပေးအပ်ရာတွင်  ဝန်ထမ်းတစ်ဦးလျှင် ပေါ်ဆန်းမွှေး ဆန်(၆)ပြည်၊ ဆီ(၁)ပိသာ၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်နီ(၁)ပိသာ၊ ကြက်သွန်ဖြူ(၅၀)သား တို့ပါရှိပြီး ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့်စည်းကမ်း ထိန်း သိမ်းကော်မတီမှ တာဝန်ရှိသူများက ဝန်ထမ်း(၄၅)ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။