သတင်းများ

လယ်တောင်ယာရွာ၌ (Lock Down)ချထားသော မိသားစုများအား ဆန်နှင့် စားရိက္ခာများသွား ရောက် ထောက်ပံ့ ပေးအပ်
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန် ချက်အရ တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာအတွင်း ကိုဗစ်ရောဂါ ပိုးတွေ့ရှိမှုများပြီး (Lock Down) ချထားသော နေအိမ် (၂၉)လုံးမှ မိသားစုဝင်များအတွက် အသွားအလာ ကန့်သတ်ထား ရှိစဉ်ကာလအတွင်း အစားအသောက် အဆင်ပြေစေရေးအတွက် ဆန်နှင့် စားရိက္ခာများကို ပူးပေါင်းအဖွဲ့များက ယနေ့ နံက်၁၀နာရီအချိန်မှစ၍ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဦးစားပေးအုပ်စုများ အလိုက်ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ကာကွယ် ဆေးများကို (ဒုတိယအကြိမ်)ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌
ငါ့သရောက်-ညောင်ဦး ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ကွင်ဆင်းစစ်ဆေး
Sep 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့သို့ ဆက်သွယ်ဖောက်လုပ် ထားသည့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီတွင် ကတ္တရာခင်းခြင်း လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်တွင် အသက် ၅၅ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးအားထိုးနှံ ရေးလှည့်လည်အသိပေးကြေညာ
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊အ င်္ဂပူမြို့နယ်တွင် ယနေ့ နံနက်၉နာရီအချိန်ခန့်က အသက် ၅၅ နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရေး လှည့်လည်အသိပေးကြေညာခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေး လိုက်လံကြေညာ
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ ၆ နာရီက အသံချဲ့စက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း တာဝန်ရှိသူများက လိုက်လံကြေညာ ပေးခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Sep 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁) စတင်၍ ဆောင်ရွက်​ပေးလျက် ရှိ​ကြောင်း သိရသည်။
ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူ(၁၀၀၀) ဦးကို ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ်စတင်ထိုးနှံ
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ၊ ယနေ့တွင်လည်း အသက်(၅၅) နှစ်နှင့်အထက်ပြည်သူ (၁၀၀၀) ဦးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ ခြင်းများဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။