သတင်းများ

ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်ထွန်းနှင့် ဝန်ထမ်းများက  ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ မြောက်ကုန်းတန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကြံခင်းမြိုနယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများနှင့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ဦးဆောင်သော အဖွဲသည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်ရှိ တာဝန်ကျ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိုနယ်ဦးစီးမှုးရုံးမှ ဝန်ထမ်းများ၊ မြိုနယ်ရဲတပ်ဖွဲဝင်များနှင့် တွေ့ဆုံပြီး လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန်၊ ယာဉ်အဝင်၊ အထွက်အား စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာအလှူရှင်များက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော်နှင့်ဆီ၊ဆား၊ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 15,2021
မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက  ရေနံချောင်းမြို့နယ်အတွင်းရှိ သီတင်းသုံးတော်မူကြသည့် ဆရာတော် ၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်၊ဆီ၊ဆား၊ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများသို့သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့သည်။
ခိုလမ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်း
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ များပြားလာသဖြင့် ခိုလမ် မြို့မဈေးအား ယမန်နေ့ ညနေ (၄)နာရီ(၃၀)မိနစ် အချိန်တွင် ဆောင်ရွက်ခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက်
Sep 15,2021
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်မှုများအား ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
သထုံတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေ မှုအား ကြည့်ရှုအားပေး
Sep 15,2021
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ် အောက်ဆီဂျင် ရရှိရေး အထောက်အကူ ပြုနိုင်ရေးအတွက် သထုံမြို့ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံသစ် စက်တပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကျင်းပ
Sep 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ ရောဂါပိုး ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကို ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့သည်။
ချောင်းဆုံတွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အသုတ် ပထမအကြိမ် နှစ်ရက်အတွင်း(၂၂၅၀)ဦးထိုးနှံပေးခဲ့
Sep 15,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူနှင့် ဦးစားပေး အုပ်စု အလိုက် သတ်မှတ်ချက်နှင့်အညီ တတိယအသုတ် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ကို မြို့နယ်အတွင်းရှိ စုရပ်(၁၅)နေရာ၌ ဒုတိယရက်အဖြစ် ယနေ့နံနက်(၉)နာရီကစတင်၍ စုရပ်အလိုက်တာဝန်ရှိသူများက ဆေးထိုးနှံပေးကြောင်းသိရသည်။