ဝါးခယ်မ စက်တင်ဘာ ၁၅
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်လုံး ကျွတ်ဝါဆိုဝါကပ် တော်မူကြသော သံဃာတော်များနှင့် သီလရှင်များ အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဝါးခယ်မမြို့ကွမ်းခြံကုန်းကျောင်းတိုက်၊ အာရောဂျံဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိမလာစာရ အမှူးပြုသော သံဃာတော်(၅) ပါး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ဆရာတော်ဘဒ္ဒန္တဝိမလာ စာရထံမှ ငါးပါးသီလခံယူ၍ ကြွရောက်လာသည့် သံဃာတော်(၅) ပါးအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများဆက် ကပ်လှူဒါန်းခြင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် ဒေသခံအလှူရှင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၃၆) ကျောင်းနှင့် သီလရှင်ကျောင်း(၃၃)ကျောင်းတို့မှ ရဟန်း/သာမဏေ (၁၂၇၂) ပါး၊ သီလရှင် (၄၂၇)ပါး၊ စုစု ပေါင်း (၁၆၉၉) ပါးတို့အား ဆွမ်းဆန်စိမ်း (ဆန်၊ ဆီ၊ ဆား၊ ပဲ) စသည့်လှူဖွယ်များဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ယနေ့ နံနက်ပိုင်းက ကျုံမငေးမြို့နှင့် မြို့ဝန်းကျင်တွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် ဒေသခံအလှူရှင်များက ဘုန်းတော်ကြီးကျောင်း (၁၀၆)ကျောင်းနှင့် သီလရှင်ကျောင်း(၁၂) ကျောင်းတို့မှ ရဟန်း/ သာမဏေ (၄၆၇)ပါး၊ သီလရှင်(၂၉)ပါး၊ စုစုပေါင်း (၄၉၆)ပါးတို့အား (၁)ပါးလျှင် ဆန်(၄)ပြည်၊ ဆီ(၂၅) ကျပ်သား၊ ကုလားပဲ(၂၅)ကျပ်သား၊ ဆား (၂၅)ကျပ်သားနှုန်း တို့လှူဒါန်းခဲ့ကြပြီး မြို့နယ်အတွင်း စုစုပေါင်းလှူဒါန်းမှုမှာ ဘုန်းတော်ကြီးကျောင်း (၄၄၂) ကျောင်းနှင့် သီလရှင်ကျောင်း(၄၅)ကျောင်းတို့မှ ရဟန်း/ သာမ ဏေ(၁၇၃၉)ပါး၊ သီလရှင်(၄၅၆) ပါး၊ ပေါင်း (၂၁၉၅)ပါးတို့အား ဆန်(၁) တင်းခွဲအိတ်(၃၆၆) အိတ်၊ ဆီ (၅၅၀) ပိဿာ၊ပဲ(၅၅၀)ပိဿာ၊ဆား(၅၅၀)ပိဿာ၊တိုင်းဒေသကြီးအစိုးရလှူဒါန်းငွေ ၉,၄၇၅,၀၀၀ ကျပ်၊ ဒေသခံ အလှူရှင်လှူဒါန်းငွေ ၅,၂၆၂,၃၀၀ ကျပ်စုစုပေါင်းတန်ဖိုးငွေ တန်ဖိုးငွေ(၁၄,၇၃၇,၃၀၀) ကျပ် ဖြစ်ကြောင်းသိရ ပါသည်။
စောသန္တာဦး(ပြန်/ဆက်)