ထားဝယ်မြို့၌ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေး
Nov 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ ရသစာအုပ်၊ စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။