သတင်းများ

ရမည်းသင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်သာခွက်နှင့် အိမ်သာပိုက်များထောက်ပံ့ပေးအပ်
Oct 08,2024
ကျန်းမာရေးဝန်ကြီးဌာန‌မှ ပတ်ဝန်ကျင်သန့်ရှင်းရေးအတွက် ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စုများအား အိမ်သာခွက်နှင့် အိမ်သာပိုက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Oct 08,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သော ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင် ဆင် (၁၀) စီး၊ မြို့မဈေးပတ်ဆင် (၅၀) စီးနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင်ဆင် (၁၀) စီးနှင့် မြို့မဈေးကြီးအား လှည့်လည်ပတ်၍ ဖျော်ဖြေသောဆင် (၅၀) စီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံက်နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ပြည်မြို့၌ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ရုပ်တုတော်ပင့်ဆောင်တင်လှူပူဇော်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အောင်မင်္ဂလာကျက်သရေကုန်းတောရကျောင်းအနီးရှိ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ ဂူဗိမာန်တော်သို့ "ရှင်မဟာရဋ္ဌသာရ ရုပ်တုတော် "ပင့်ဆောင်တင်လှူ ပူဇော်ပွဲနှင့် ဂူဗိမာန်အဝင်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Oct 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့သည်ယနေ့နံနက်ပိုင်းက ပါပွန်းကျေးရွာအုပ်စု၊‌ထော်ပဲကူကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်ပါကူညီပို့ဆောင်ပေး
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြစ်သား မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦး‌ဆောင်ကာ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။