သင်္ဃန်းကျွန်းမြို့နယ်တွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်
Nov 27,2024
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်မီသော သတင်းကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။