ညောင်တုန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

ညောင်တုန်း နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ရွှေကူအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကိုင်းစုအခြေခံပညာမူလတန်းကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာပေဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှု အခြေခံများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူရေးရာ အသိပညာပေးအကြောင်းအရာများ ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်‌ရေး အသိပညာပေး ‌အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)