Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် မျိုးစပါး ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါးသီးနှံ အစားထိုးစိုက်ပျိုးရန် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့သော မျိုးစပါးပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ် ရွှေတံတားအထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Oct 06,2024
ကျောက်တံတားမြို့နယ် ရွှေတံတားအထွေထွေစီးပွားရေးသမဝါယမအသင်းစု လီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ (၃၆)လမ်းအထက်ရှိ အသင်းရုံးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Door to Door စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးသည့်အတွက် ဆီစားသုံးသူပြည်သူများက များစွာကျေးဇူးတင်လျက်ရှိ
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်းနေထိုင်ကြသည့် ဆီစားသုံးသူမိဘပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် Call Centre များမှ မှာယူသော အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်သုံးပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်းရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်းအရှိန်ကြောင့်ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော မျိုးစပါးများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ကောက်ယူလျက်ရှိ
Oct 06,2024
အောက်တိုဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ဆဋ္ဌမနေ့ ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ရေဘေးသင့်ကျေးရွာ ပြည်သူများအား ပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘက်ရဲမြို့တွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ကုသပေး
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ ၉ နာရီမှစ၍ ဆက်လက်ကုသပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေထပ်မံမဝင်ရောက်စေရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Oct 06,2024
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2616
Page
2617
Page
2618
Page
2619
Current page
2620
Page
2621
Page
2622
Page
2623
Page
2624
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department