သတင်းများ

မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းဆောင်ရွက်
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းသီးနှံများ ထယ်ရေးနက်နက်နှင့် ညက်ညက်အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်းစက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းသီးနှံများ စိုက်ပျိုးရာတွင် ထယ်ရေးနက်နက်နှင့် ညက်ညက်ရရှိအောင် ပြုလုပ်၍ အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒွေးလှကျေးရွာ တောင်သူဦးနေဝင်း၏ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်(၁၄၅) စိုက်ပျိုးမြေ(၂)ဧကတွင် ရေဆင်းစပ်မျိုး(၁) မိုးနှောင်းနေကြာသီးနှံ စိုက်ပျိုးရန် မြေပြုပြင်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ
Nov 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကစတင်၍ လူစည်ကားရာနေရာများ၌ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုစနစ်တို့ သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး 
Nov 28,2024
ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်‌၊ ဖောင်တော်ဦးဘုရားလမ်းရှိ ကောင်းသုခအထွေထွေရောဂါကုဆေးရုံ၏ ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု ဖြန့်ဖြူးရောင်းချမှုစနစ်တို့သည် သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လိပ်သိုဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝဥများအား တူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိ
Nov 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းပင်မဆောင်စာသင်ခန်း၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ
Nov 28,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဲယားကွန်း ပြုပြင်တပ်ဆင်ခြင်းသင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲပြုလုပ်
Nov 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းမကြီးပေါ်လမ်းအမှတ် ၄၇ နှင့် ၄၈ ကြားရှိ အလုပ်သမားညွှန်ကြားမှုဦးးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင်ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း သင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။