မိုင်းဖြတ်မြို့နယ်၌ မီးခိုးမြူ​ငွေ့ကင်းစင်​ရေး အသိပညာ​​ပေး​ဟော​ပြော

မိုင်းဖြတ်မြို့နယ်၌ မီးခိုးမြူ​ငွေ့ကင်းစင်​ရေး အသိပညာ​​ပေး​ဟော​ပြော

မိုင်းဖြတ် ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့ မွန်းလွဲ ၁ နာရီက အိုက်ငို့ကျေးရွာအုပ်စု၊ ဟာကြားဟုန်ကျေးရွာခန်းမ၌  မီးခိုးမြူ​ငွေ့ကင်စင်​ရေး၊ တောင်ယာ၊ တောမီးရှို့ခြင်းများမပြုလုပ်​စေ​ရေး  အသိပညာ​ပေး​ဆွေး​နွေးပွဲကို ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက ​ဒေသခံ​တောင်သူများအ​နေဖြင့် ​ဒေသတွင်း မီးခိုးမြူ​ငွေ့ကင်းစင်​ရေးအတွက် လိုက်နာ​ဆောင်ရွက်ရမည့်အချက်များ၊ ​တောင်ယာနှင့် ​တောမီးများမရှို့​စေ​ရေး ပူး​ပေါင်းပါဝင်​ဆောင်ရွက်​ပေး​စေနိုင်​သည့်အချက်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က ကျွဲ၊ နွား တိရစ္ဆာန်များ စည်းကမ်းမဲ့လွှတ်ကျောင်းမှုမရှိစေရေး၊ ခြံ​လှောင်စနစ်ဖြင့် စနစ်တကျ​မွေး​မြူနိုင်သည့် အချက်များ၊ ခြံ​လှောင်​မွေးမြူခြင်းဖြင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်​ရောဂါများ ​လျော့နည်းနိုင်သည့် အချက်များကို ရှင်းလင်း​ပြောကြားခဲ့​ကြောင်း သိရသည်။

ထို့​နောက် တက်​ရောက်လာသည့် ​ကျေးရွာ​နေပြည်သူများက စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးလုပ်ငန်းများအတွက် သိရှိလိုသည့်အချက်များကို ​မေးမြန်း​ဆွေး​နွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)