ဘိုကလေးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ဘိုကလေး ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ သက္ကယ်ဆိပ်ကျေးရွာရှိ တောင်သူဦးသောင်းချစ်၏ ကွင်းအမှတ်(၇၂၃)၊ ဦးပိုင် (၅၉/က)မှ စိုက်ဧက (၈)ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယမန်နေ့နေ့လယ်၌  မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပဆောင်ရွက်သည်။

ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်အားပေးကြပြီး  မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သော ရက်(၉၀)(FS)စပါးမျိုးအား ရိတ်သိမ်းရာ စံကွက်အထွက်နှုန်း တစ်ဧကလျှင် အစိုတင်း(၁၂၃.၈၆)တင်းနှင့် အခြောက်တင်း(၁၁၃.၈၆)တင်း ထွက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)