ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဒဂုံရွှေပြည်ဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်ရှိ ဒဂုံရွှေပြည်ဈေး(အမှတ်၃၀)ဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း၊ ဈေးအတွင်းလှည့်လည်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာ‌ရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်း၀င်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဦးတင်ထွန်းအောင်မှ မီးဘေးအန္တရာယ်အကြောင်းကိုဟောပြောခြင်း၊ DCP မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ရှင်းလင်းပြသပြီး ဆီမီးလောင်မှုအား ဈေး၀န်ထမ်းနှင့် ဈေးသူ/သားများမှ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် (အပေါ့စား)ရေစုပ်စက်ဖြင့် လက်တွေ့ရေပက်ဖြန်းခြင်းများကို ဆောင်ရွက်ပြသခဲ့သည်။ ဆက်လက်၍ ခရိုင်ဌာနစုမှူးဦးသိန်းစိုးမှ ဈေးအတွင်းလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်း၀င်းဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ ဈေးတာ၀န်ခံနှင့် ဈေး၀န်ထမ်းများမှ ဈေးအတွင်း လိုက်လံစစ်ဆေး‌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ