အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ပေါက်ခေါင်း)၌ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပေါက်ခေါင်း   ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းတွင်းအာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ကြပြီး အ.ထ.က(ပေါက်ခေါင်း)ကျောင်းမှ မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့အားသင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများအား ဩကာသကန်တော့ကြိုးဖြင့် ဦးစွာပူဇော်ကန်တော့ပြီး‌နောက် ဝတ္ထု‌ငွေနှင့်လက်ဆောင်ပစ္စည်းများဖြင့် ကန်‌တော့ကြရာ ကျောင်းအုပ်ဆရာကြီးဦးညွှန့်ဝင်းက ဆုံးမဩဝါဒဆုပေးစကားများ အသီးသီးပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှ၊ သီဆိုဖျော်ဖြေမှုများဖြင့် တစ်လှည့်စီ ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)