ဓနုဖြူ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းနေကြာ (၁၀)ဧကသီးသန့်စံပြကွက် စိုက်ပျိုးပွဲကို ရေကြည်ကျေးရွာအုပ်စု၊ ကွင်း/ဦးပိုင်အမှတ် ၁၉၆/N၃၀၊ တောင်သူဦးကျော်ဝင်းစိန်၏ လယ်မြေပေါ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က နေကြာစိုက်ပျိုးမှုနည်းစနစ်များနှင့် သတ်မှတ်ဧက ပြည့်မီအောင်စိုက်ပျိုးကြရန် ရှင်လင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရအကြီးအကဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုပေါင်း၍ SUPER SUN 41 (စူပါဆန်း ၄၁)နေကြာမျိုးအား စိုက်ဧက(၁၀)ဧက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်းနေကြာသီးသန့်စံပြကွက်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)