ဒိုက်ဦး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီ မိနစ် (၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက အကောင်အထည်ဖော်ဆောင်ရွက်သည့် ကြိမ်နှင့်ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးက သင်တန်းသား/သူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းသားများ ယက်လုပ်ထားသော ဝါးနှင့်ကြိမ်ပစ္စည်းများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ နှစ်ပတ်တာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မြိူ့နယ်(ပြန်/ဆက်)