သတင်းများ

တနင်္သာရီမြို့နယ်၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူပြီးစီး
Oct 09,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို တနင်္သာရီမြို့နယ် နယ်နိမိတ်အတွင်း နေထိုင်သူများအား အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစ၍ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များခွဲ၍ သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များအတွင်း အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူလျက်ရှိကြရာ ယမန်နေ့ညနေပိုင်းအချိန်တွင် အောင်မြင်စွာ စာရင်းကောက်ယူမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစတင်ပြီး ဆောက်လုပ်လျက်ရှိရာ အောက်တိုဘာ ၈ ရက်‌နေ့အထိ (၇၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေး
Oct 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ၊ မြေတာဝန်ခံများသည် ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ကူမဲနှင့် မိုင်းမောစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဆက်လက်ကွင်းဆင်းကောက်ယူ
Oct 09,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက စာရင်းကောက်ကွက် (၂၄) နေရာသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Oct 09,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သက်ဆိုင်ရာအဖွဲ့များဖြင့် စာရင်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကျွန်းထဲပိုင်းဒေသများဖြစ်သည့် သရက်တပင်ကျေးရွာ၊ စက်ရိပ် (တောင်) ကျေးရွာသို့ သန်းခေါင်စာရင်းကောက်ယူမှုအား ကြည့်ရှုအားပေးခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၉)ရက်မြောက်နေ့ ကောက်ယူနေမှုအား ကြည့်ရှုအားပေး
Oct 09,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မုရစ်ကလေးကျေးရွာရှိ သန်းခေါင်စာရင်း ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိ
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးအတွင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။