ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု
Oct 08,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်ရပ်ကွက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိနေသည်။ ယနေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရေပြန်လည်ကျဆင်းသွားသည့် မင်းစုရပ်ကွက်၊ မြို့လယ်မီးပွိုင့်နှင့် လမ်းသွယ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများစုပေါင်း၍ လမ်းမကြီးပေါ်ရှိ သဲနှုန်းများကင်းစင်ရေး၊ လမ်းဘေးဝဲယာရှိ ချုံနွယ်နှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ရပ်ကွက်နေပြည်သူများက မိမိတို့နေအိမ်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။