ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Oct 09,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သက်ဆိုင်ရာအဖွဲ့များဖြင့် စာရင်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကျွန်းထဲပိုင်းဒေသများဖြစ်သည့် သရက်တပင်ကျေးရွာ၊ စက်ရိပ် (တောင်) ကျေးရွာသို့ သန်းခေါင်စာရင်းကောက်ယူမှုအား ကြည့်ရှုအားပေးခဲ့သည်။