မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း  ၂၀၂၃-၂၀၂၆ အလုပ်အမှုဆောင်သက်တမ်း အထူးအစည်းအဝေးကျင်းပ

ရန်ကုန် အောက်တိုဘာ ၇

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဖွဲ့စည်းပုံစည်းကမ်းချက်များနှင့်အညီ အသင်း၏လုပ်ငန်းဆောင်တာများပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ အလုပ်အမှုဆောင်သက်တမ်းအထူးအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအချုပ် UMFCCI တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း သဘာပတိ၊ ဥက္ကဋ္ဌဦးဆန်းလင်းက အထူးအစည်းအဝေးကျင်းပရခြင်းအကြောင်းနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏လုပ်ငန်းဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အမှုဆောင်အရာရှိချုပ်ဦးမျိုးသူမှ အသင်း၏ဖွဲ့စည်းပုံကိစ္စနှင့်ပတ်သက်သည့် အခြေခံစည်းမျဉ်းများ ပြင်ဆင်ခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ထပ်တိုးခန့်အပ်သည့် အလုပ်အမှုဆောင်အသစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် အသင်းသဘာပတိ၊ ဥက္ကဋ္ဌဦးဆန်းလင်းက နိဂုံးချုပ်အမှာစကားပြန်လည်ပြောကြားပြီး တက်ရောက်ကြသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် သုံးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ပွဲများကျင်းပပြီး အလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများရွေးချယ်၍ တာဝန်များခွဲခြားပြီး အသင်း၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၆ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့်အမှုဆောင်များ ရွေးချယ်တာဝန်များပေးအပ်ပြီးဖြစ်သော်လည်း အသင်း၏လုပ်ငန်းများကျယ်ပြန်လာခြင်းနှင့် ကဏ္ဍအလိုက်တိုးချဲ့ရမည့်အပိုင်းများတွင် ကျွမ်းကျင်သောအလုပ်အမှုဆောင်များ ပိုမိုလိုအပ်လာခြင်းတို့ကြောင့် အလုပ်အမှုဆောင်များတိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် အလုပ်အမှုများဆောင်အဖွဲ့တိုးချဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အသင်းသားစုံညီအထူးအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)