ဥတ္တရသီရိ အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်တို့က ဒေသခံတောင်သူများအနေဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးမှုများအပေါ် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး၊ မျိုးစပါးများ အခမဲ့ရရှိ၍ စပါးသီးနှံများကို အချိန်မီအလေးထားစိုက်ပျိုးရာတွင် အတန်းလိုက် မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းမှ ဦးဌေးထက်နှင့် တာဝန်ရှိသူများက မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)