ဟိုပုံးမြို့ ထမ်းစမ်းသဘာဝလှိုဏ်ဂူတော် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လှိုဏ်ဂူတော် ပြန်လည်ပြုပြင်နိုင်ရေး အလှူငွေ ပေးအပ်
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှ ရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်းလာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအား သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။