သတင်းများ

ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 06,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများ၌ ကွင်းဆင်းကာ ဆက်လက်ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အင်တောမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိ
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)စုတို့တွင် တစ်အိမ်တက်ဆင်း စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမ၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း ဆောင်ရွက်ပြီးစီး
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦး​ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို​ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် တပ်ရင်းတပ်ဖွဲ့အသီးသီးတို့တွင် စာရင်းကောက်ကွက်(၃)ကွက်ဖြင့် ဆောင်ရွက်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ကျောက်မီး ကျေးရွာနှင့် ထုံးဘိုအကျဥ်းဦးစီးဌာနသို့ ယမန်နေ့နံနက်ပိုင်းက ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ လိုက်ပါလျက် တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ဟားခါးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 06,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၌ ကော်ဖီသီးနှံစိုက်ပျိုးပွဲကျင်းပ
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စျေးကွက်ဝင် ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားပြီး MSME လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကော်ဖီသီးနှံစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်ချောင်းကျေးရွာအုပ်စု၌ တောင်သူဦးစိုးကိုကိုအောင်၏ ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမတွင် ကျင်းပခဲ့သည်။