အုတ်တွင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း ရေမြုပ်ခဲ့သော ရေတွင်းရေကန်များနှင့် အဝီစိတွင်းများကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ် ကလိုရင်းဆေးခတ်ပေးခဲ့ကြသည်။
အဆိုပါဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာများအတွင်းရှိ စစ်တောင်းမြစ် ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်ခဲ့သော ရေတွင်းများ ရေကန်များနှင့် အဝီစိတွင်းများကို ဆေးခတ်ပေးခြင်း ဖြစ်သည်။ ၎င်းအပြင် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ကလိုရင်းဆေးများကို ဒုတိယအကြိမ် ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)