မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့ဆရာများ​နေ့အခမ်းအနားနှင့် ဆရာကြီး၊ ဆရာမကြီးများအားပူ​ဇော်ကန်​တော့ပွဲကျင်းပ

မိုင်းဖြတ် ​အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကမ္ဘာ့ဆရာများ​​နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (မိုင်းဖြတ်)ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ကျောင်းသား၊ ​ကျောင်သူများက မြတ်ဆရာသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက် နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသ​ရေစည်သူ သတိုးသီရိသုဓမ္မ မင်း​အောင်လှိုင်ထံမှ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများ​နေ့အခမ်းအနားသို့​ပေးပို့သည့် သဝဏ်လွှာကို စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်ချုပ် ​ဇော်မင်းဦးက ဖတ်ကြားခဲ့သည်။ ယင်း​နောက် ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ​ကျောင်းသား၊ ​ကျောင်းသူများကို စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု​ငွေများကို ​ပေးအပ်ချီးမြှင့်ခဲ့ပြီး ​အထက(ဟိုနား)မှ ကျောင်းသူ​လေးက မှုံ​ရွှေရည်သီးချင်းဖြင့် ကပြ​ဖျော်​ဖြေခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ကန်​တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို  ဆရာ၊ ဆရာမများ၊ တပည့်များက လက်ဆယ်ဖြာထိပ်မှာမိုး၍ ကန်​တော့ခဲ့ကြပြီး အငြိမ်းစားဆရာကြီးများဖြစ်ကြသည့် ဦးထွန်းမြင့်၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေတို့က ဆုံးမသြဝါဒစကားများကို ​ပြောကြားခဲ့ကြသည်။ ယင်း​နောက် ကန်​တော့ခံလက်​ဆောင်ပစ္စည်းများကို ​ပေးအပ်ခဲ့​ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)