ညောင်ရွှေ အောက်တိုဘာ ၆
ရာဂိမုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူနေရပ်ကွက်များ၊ ကျေးရွာများ၊ လမ်းတံတားများ၊ ရုံးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဈေများ ရေကြီးနစ်မြှပ်ခဲ့သည်။
အဆိုပါ ရေနစ်မြှုပ်ခဲ့သည့်နေရာအချို့သည် ရေပြန်လည်ကျဆင်းပြီး အမှိုက်သရိုက်များနှင့် နှုန်းမြေများ တင်ကျန်ခဲ့ပြီး ကျန်းမာရေးထိခိုက်မှုမရှိစေရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများသည် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အရှိန်အဟုန်နှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းကျင်နှင့် မြို့မမင်္ဂလာဈေးအရှေ့ဘက်ခြမ်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ