ညောင်ရွှေ အောက်တိုဘာ ၅
၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ညောင်ရွှေမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက သင်းတန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူကြမည့် သင်တန်းသားဆရာ၊ဆရာမများ သိရှိလိုက်နာရန်များ နှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ အခမ်းအနား အပြီးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်တန်းသားများ၏တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၁၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ