ရေနံချောင်း အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက နဝမနေ့မြောက် ဆက်လက်ကောက်ယူလျက်ရှိသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅ အုပ်စုတို့တွင် စာရင်းကောက်ကွက်ပေါင်း ၁၃၅ ကွက်ရှိပြီး အောက်တိုဘာ ၈ ရက်နေ့အထိ စာရင်းကောက်ကွက်ပေါင်း ၈၀၊ အိမ်ထောင်စုပေါင်း ၉၀၄၁ စု၊ လူဦးရေ ၃၁၂၅၉ ဦး ကောက်ယူပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာများကို ဆက်လက်ကောက်ယူလျက်ရှိကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ကာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက် အလက်များဖြစ်သည့် အိမ်ထောင်စုမေးခွန်းပုံစံ ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ ၁၈ ခုကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်