လယ်ဝေး အောက်တိုဘာ ၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် ကောက်ယူလျက်ရှိသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများအချက်အလက် ၆၈ ချက်အား မေးမြန်းကာ CAPI နည်းပညာဖြင့် Tablet အသုံးပြု၍စာရင်းစစ်၊ စာရင်းကောက်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များအပါအဝင် ကောက်ကွက် ၆၇၁ ကွက်၊ စာရင်းစစ်စာရင်းကောက် ၂၈၉ ဦးတို့ဖြင့် ကောက်ယူလျက်ရှိပြီး ယမန်နေ့က အိမ်ထောင်စု ၅၁၁၃ စု၊ လူဦးရေ ၁၉၉၄၃ ဦး ကောက်ယူပြီးစီးကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)