ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ညောင်ဦး အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သတင်းများကို အမှား/ အမှန် ခွဲခြားသုံးသပ်နိုင်စေရန် သာဓကများ၊ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာအသုံးပြုကာ မည်သို့မည်ပုံပြုလုပ်ထားသည်ကို အမှားအမှန်ခွဲခြားတတ်စေရန်နှင့် သတင်းမီဒီယာဥပဒေ၊ သတင်းမီးဒီယာနည်းဥပဒေများ၊ သတင်းမီဒီယာကျင့်ဝတ်ဥပဒေများအတိုင်း လိုက်နာကျင့်ကြံရေးသားကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် ဦးဝင်းထိန်(ဓာတ်ပုံကျွမ်းကျင်-၂)က သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များအကြောင်း ဆွေးနွေးပို့ချခြင်းနှင့် သတင်းတည်ဆောက်ပုံ၊ သတင်းရယူပုံ၊ သတင်းဓာတ်ပုံရယူခြင်းနှင့် သတင်းလက်တွေ့ရေးသားခြင်းတို့အား သင်ကြားပို့ချလျက်ရှိရာ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများအား zoom ဖြင့် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း