အင်တောမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအခြေအနေအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

အင်တော အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ကောက်ကွက်အသီးသီးကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet အသုံးပြု၍ မေးခွန်းများ မေးမြန်း‌ကောက်ယူနေမှုကို  ရပ်စောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဗိုလ်မှူး ထွန်းထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ရပ်စောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဌေးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်ခမ်း၊၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အင်တောမြို့အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၄၉ ခု၊ အိမ်ထောင်စု ၄၆၇၂ စုမှ လူဦးရေ ၁၇၅၉၂ ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ကောက်ကွက်များကို ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)