ပြင်ဦးလွင်မြို့ သားဖွားသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၉

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော‌ပွဲကို ယမန်‌နေ့နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ရှေးဦးစွာ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုနိုင်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း အား မိတ်ဆက်ပြောကြားခဲ့‌​သည်။ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “နှလုံးသားလှဖို့ဒို့တွေစာဖတ်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောချက်များနှင့်ပတ်သက်၍ သင်တန်းသူများအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ကြသော သင်တန်းသူများအား ခရိုင်ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ခရိုင်ဥက္ကဋ္ဌ ဦးမျိုးမင်းက မုဒိတာစကားပြောကြားခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ ရသစာအုပ်စာစောင်များကို သင်တန်းသူများမှလေ့လာဖတ်ရှူခဲ့ကြသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ ခရိုင်ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေနှင့် အဖွဲ့ဝင်များ၊ သားဖွားသင်တန်းကျောင်းအုပ်ကြီးနှင့်သင်တန်းသူများ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)