နတ်မောက်မြို့နယ်၌  ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်

နတ်မောက် အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မကွေးခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်မှ အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသန့်စင်က သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

နတ်မောက်မြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ကျန်ရှိနေသည့် ကျေးရွာအုပ်စု (၃၂) အုပ်စု၊ ကောက်ကွက်ပေါင်း (၂၁၉) ဖြစ်ပြီး စာရင်းစစ် (၁၀) ဦးနှင့် စာရင်းကောက် (၂၁)ဦးဖြင့် ကောက်ယူသွားမည်ဖြစ်သည်။ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း