မြင်းခြံ အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ခရိုင်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ဒေသဆိုင်ရာအချက်အလက်များ လစဉ်ပေးပို့ရေးကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်က ဝန်ထမ်းများအနေဖြင့် သွားလာနေထိုင်ရာတွင် လုံခြုံရေးသတိပြုနေထိုင်ကြရန်လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ မြေယာအသုံးချမှုနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ လူကြီးများကလည်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)