ကျွန်းလှမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အိမ်ထောင်စု (၄၆၂၆)စု ၈၁ ဒဿမ ၀၃ ရာခိုင်နှုန်း ပြီးစီး

ကျွန်းလှ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ထိ အိမ်ထောင် (၄၆၂၆) စု  ၈၁ ဒဿမ ၀၃ ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ (၁) ရက်နေ့ကစတင်ပြီး မြို့ပေါ်လေးရပ်ကွက်၊ ကျေးရွာ (၂၅) ရွာ၊ စာရင်းကောက်ကွက် (၅၈) ကွက်ကို စာရင်းစစ်/စာရင်းကောက်အဖွဲ့ (၆) ဖွဲ့နဲ့ကောက်ယူခဲ့ပါတယ်။ အခုအခါ ကောက်ကွက် (၄၇) ကွက်ရှိ အိမ်ထောင်စု (၄၆၂၆)ကို ကောက်ယူပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ ကောက်ကွက် (၁၁)ကွက်ကို ဆက်လက်ကောက်ယူလျက်ရှိပါတယ်” ဟု မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖြိုးလျှံမြတ်က ပြောကြားခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေခြင်းကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို