ပုဇွန်တောင် အောက်တိုဘာ ၁၄
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ပြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များရရှိရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှု ၉၂.၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက နေ့စဉ် အနီးကပ်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Tablet ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews- CAPI) နည်းပညာဖြင့် မေးခွန်း (၆၈) ခု ပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများအသုံးပြု၍ စာရင်းကောက်ယူမည်ဖြစ်ရာ ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ စာရင်းကောက်ကွက် (၁၁၇) ကွက်ရှိပြီး အောက်တို ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကောက်ကွက် (၁၀၈)ကွက် ကောက်ယူပြီးစီးသည့်အတွက် စာရင်းကောက်ယူမှု ၉၂.၃ ရာခိုင်နှုန်းအထိ ပြီးစီးလျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ဟန်စုယဉ်