ပခုက္ကူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁၀) ရက်နေ့မှစတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု (၃၂၀၇) စုအား သန်းခေါင်စာရင်းကောက်ယူပြီးစီးနေဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး စာရင်းကောက်ကွက်ပေါင်း (၁၇၁)ကွက်၊ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့(၁၇)ဖွဲ့မှ စာရင်းစစ်၊ စာရင်းကောက် (၁၀၂)ဦးဖြင့် အောက်တိုဘာလ (၁၀)ရက်မှစတင်ပြီး ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူလျက်ရှိရာ အောက်တိုဘာလ (၁၁) ရက်နေ့အထိ အိမ်ထောင်စု (၃၂၀၇)ဦး၊ လူဦးရေ (၁၂၁၀၇)ဦး တို့အားကောက်ယူပြီးစီးခဲ့ကြောင်း၊ အဆိုပါလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုကို အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ကော်မတီဝင်များက ကြည့်ရှုအားပေးကြကာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများပူးပေါင်း၍ လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)