ကျွန်းလှ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချစေရန်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၁၃၈၉၆ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ မိုးမြေပဲကို ဆောင်းမြေပဲအတွက် မျိုးအဖြစ် အဓိကထား စိုက်ပျိုးကြပါတယ်။ အခုနှစ် မိုးမြေပဲ ၇၂၄၃ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်မြေပဲ ၁၃၈၉၆ ဧကစိုက်ပျိုးဖို့ လျာထားပါတယ်။ တောင်သူတွေကို ဒေသရာသီဥတု ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်ရရှိရေးနဲ့ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ ၁၃၈၉၆ ဧက၊ နေကြာ ၁၂၃၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ မုံညှင်းစေ့ ၃၅၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
မျိုးဝင်းညို