ပုဗ္ဗသီရိ အောက်တိုဘာ ၁၉
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပေါက်တောကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ အေးမြင့်သာယာကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ သရက်သမိန်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ငါးဇင်းအင်းကျေးရွာတို့ရှိ အိမ်ထောင်စု (၂၈၀) စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် (၁၇) သိန်း၊ ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၉၀၀) သိန်းအား တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး နေအိမ်များ အမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)