ချမ်းမြသာစည်မြို့နယ် အမှတ် (၂၈) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၃၀

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂၈)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ် (၂၈) အခြေခံပညာ အထက်တန်းကျောင်း၊ (တာဝန်ခံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက "လူငယ်နှင့်ရိုးသားဖြောင့်မတ်မှု" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် အား/ကာ ဦးစီးမှူး ဦးတင်မောင်ဝင်းက "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲအခမ်းအနားပြီး‌နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့်စာအုပ်/စာ‌စောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့