မိုးနဲ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏ ဦးဆောင်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နေ့ညနေပိုင်းက မြို့နယ်ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှတို့က သင်တန်းဆင်း အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းတွင် အခြေခံရှေးဦးပြုစုနည်း ၁၁ နည်းကို ကျောင်းဆရာ/ဆရာမများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း (၃၀)ဦးအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)